58462114_2500663773299894_7336601489361600512_o

ချစ်ခြင်းဆိုတာ စိတ်ခံစားချက် တစ်ခုမဟုတ်

ချစ်ခြင်းဆိုတာ စိတ်ခံစားချက် တစ်ခုမဟုတ်ဘဲ။ ကြိယာတစ်ခုဖြစ်တယ်။ စားခြင်း၊ သောက်ခြင်း၊ စာဖတ်ခြင်း၊ ကြိုးစားခြင်း ကဲ့သို့ပင် ချစ်ခြင်းသည် အလုပ်ဖြစ်သည်။ မိမိကိုယ်တိုင် လုပ်ဆောင်မှသာလျှင် အလုပ်ပြီးမြောက်ခြင်းဆိုသည့် အဆင့်ကို ရရှိမည်ဖြစ်သည်။

ချစ်ခြင်း၏ လုပ်ဆောင်မှုရလာဒ်သည် အမှတ်တရများကို ဖြစ်ပေါ် စေပြီ ယင်းအမှတ်တရများ ကျွန်တော်တို့ ရှင်သန်နေခြင်းရဲ့ အဓိပ္ပါယ်ကို ပိုမိုတည်မြဲစေသည်။

ချစ်ခြင်းပြောဆိုရာမှာ သမီးရည်းစား ချစ်ခြင်းလည်း ဖြစ်နိုင်သလို မိခင်က သား/သမီးကို ချစ်တဲ့ ချစ်ခြင်းဖြစ်နိုင်သည်။ ဆရာ သမားက မိမိတပည့်များကို ချစ်တဲ့ ချစ်ခြင်းလည်း ဖြစ်နိုင်သည်။ လုပ်ငန်းရှင်က မိမိဝန်းထမ်းများရဲ့ စားဝတ်နေ ရေး အဆင်ပြေ ချော့မွေမှုအတွက် ပူပန်ရတဲ့ ချစ်ခြင်းလည်း ဖြစ်နိုင်သည်။

ဒီလို မဟုတ်ဘဲ မိမိ ချစ်မြတ်နိုးတဲ့ ဝါသနာ တစ်ခုကို ဖြစ်စေ။ မျှော်လင့်ချက်တစ်ခုကို ဖြစ်စေ မြတ်နိုးတဲ့ ချစ်ခြင်းလည်း ဖြစ်နိုင်သည်။

အထက်မှာ ပြောခဲ့သလို ချစ်ခြင်းဆိုသည် ကြိယာဖြစ်သည်။ လုပ်ဆောင်မှုကို ဖော်ပြသည်။ ဒါကြောင့် မိမိနှစ်သက်ပါတယ်လို့ ပြောယုံလောက်နဲ့ မလုံလောက် ဘယ်လောက် အတိုင်းတာထိ နှစ်သက်သည် ကိုယ့်ဘဝအတွက် ဘယ်လောက် အ ရေးပါတယ်ဆိုတာကို လက်တွေ့ပြသဖို့လိုပါတယ်။

ကိုယ်က စီးပွားလုပ်ငန်းတစ်ခုကို တည်ထောင်ချင်တယ်။ ဒါဆို ဘယ်လောက်ပြင်းပြတဲ့ အ ခြေအ နေနဲ့ တည်ထောင်ချင်တယ်ဆိုတာကို လုပ်ရပ်နဲ့ ဖော်ပြဖို့ လိုပါတယ်။

ချစ်ခြင်းဆိုတာ လုပ်အားနဲ့ သက်သေပြခြင်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ မြတ်နှိုးတဲ့ ဘယ်အရာကို မဆို တန်ဖိုးထားကြောင်းကို လက်တွေ့သက်သေပြကြရ အောင် . . .

အတွေးများကို စာဖွဲ့သည်

Mo Lwin – မိုရ်လွင်

Add a Comment

Your email address will not be published. Required fields are marked *