49864086_2329962760369997_5318856326493765632_o

အားလုံးပဲ မင်္ဂလာပါ …

http://molwin.com နဲ့ လူမှုကွန်ယတ်တွေမှာ မအားလပ်သည့် အချိန်များကြောင့်ဖြစ်စေ၊ သွားလာရေး အခက်ခဲများကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် လေ့လာသင်ယူဖို့ အခက်ခဲ ရှိနေသူတိုင်းအတွက် လွယ်ကူမှုဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ vlog များစတင် လွှင့်ခဲ့တာဖြစ်ပါတယ်။ အချိန်မရွေးဆက်သွယ်နိုင်ပြီး၊ သိချင်တဲ့ အချက်အလတ်များကိုလည်း comment / chat box ကတစ်ဆင့် မေးမြန်းနိုင်ပါတယ်။

ကျွန်တော်က စွန့်ဦးတီထွင်လုပ်ငန်းများကို တည်ထောင်ထားပြီး၊ ပုဂ္ဂလိကပိုင် ကောလိပ်နှင့် တက္ကသိုလ်များတွေမှာ စီမံခန့်ခွဲရေး ဘာသာရပ်ဆိုင်ရာများသင်ကြားပို့ချ ပေးလျှက်ရှိပါတယ်။

ဒါ့အပြင် Peak Point ကုမ္ပဏီရဲ့ ဦးဆောင်သူအဖြစ်လည်းကောင်း၊ ဗြိတိသျှကောင်စီရဲ့ လူမှုစီးပွားရေး အကြံပေးနဲ့ သင်ကြားရေးတာဝန်ခံ အဖြစ်လည်းကောင်း၊ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်အသင်းရဲ့ ဒု-ဥက္ကဌအဖြစ်လည်းကောင်း၊ လူငယ်အသင်းအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်း နေရာအသီးသီးမှာ တာဝန်ယူ ပဲ့ကိုင်နေသူလည်း ဖြစ်ပါတယ်။
မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အစဉ်လေးစားနေလျှက်

မိုရ်လွင်

Add a Comment

Your email address will not be published. Required fields are marked *